14 October, 2011

Repo Men (2010)

111 min  -  Action | Crime | Drama


ဒီရက်တွေထဲ ကြည့်ဖြစ်တဲ့ ကားတွေအကြောင်းပြောရဦးမယ်... အခု ဒီ  Repo Men နဲ့ စလိုက်ပြီဗျာ....
Equilibrium ပြန်ကြည့် အပြီး ဒီကား ကြည့်မိလိုက်ပါတယ်...     ကောင်းလွန်းလို့ ညွှန်းတယ်လို့တော့မထင်နဲ့နော်...  :1  သိပ်တော့ မကောင်းဘူး ကြည့်ပျော်ရှုပျော်ပေါ့....

         သမာရိုးကျ ဇတ်လမ်း တွေရှားသွားတဲ့ ဒီခေတ်ထဲမှာ သိပ္ပံဆန်ဆန်.. အတိုးတက်လွန်တဲ့ ပုံစတွေ (ခေတ်ရှေ့ပြေးတယ်ခေါ်မှာပေါ့နော်) အဲ့ဒီလိုမျိုး ကားတွေ အရိုက်များလာကြပါတယ်.. ဒီကားလဲ ဒီလိုပါပဲ..
         ဒီကားထဲမှာ သူတို့ပြောတာကတော့....  ဟိုးအရင်ခေတ်တွေကလိုမျိုး ခန္တာကိုယ်အစိတ်အပိုင်း အစားထိုးကုမယ်ဆို.. ကုတင်ပေါ်မှာထိုင် ပေဂျာလေး ကိုင်ပြီး အလှူရှင်ကို စောင့်နေစရာမလိုတော့ဘူး.. တဲ့... The Union ဆိုတဲ့ Corporation ကြီးက သူတို့ရဲ့  စက်ပစ္စည်း အစိတ်အပိုင်းတွေနဲ့ အစားထိုး လဲလှယ်လို့ရပါပြီတဲ့... ဈေးတော့ လွန်စွာမှ ကြီးပြီး ဒေါ်လာသန်းနဲ့ချီးပြီး ရှင်းပေးရပါတယ်.. အများစုက  အကြွေး သဘောမျိုးနဲ့ အရစ်ကျပေးချေကြပါတယ်..  လဲစရာအစိတ်အပိုင်းတွေကလဲ များပြားလှပါတယ်.. လူတစ်ကိုယ်လုံးက အစိတ်အပိုင်းတွေအားလုံး လဲလို့ရပါတယ်.. အလှအပအတွက်.. မျက်လုံးတို့ နှာခေါင်းတို့ လဲလှယ် ကြသူတွေရှိသလို  ကျန်းမာရေးအတွက်.. လိုအပ်လို့ လဲလှယ်ကြတဲ့ သူတွေလည်း ရှိပါတယ်...
          Remy (Jude Law)  နဲ့  Jake (Forest Whitaker)  တို့က ငယ်သူငယ်ချင်းတွေဖြစ်ကြသလို  The Union က လုပ်ဖော်ကိုင်ဖက်တွေပါ သူတို့ရဲ့ အလုပ်က ရိုးစင်းပါတယ်.. သူတို့ကုမ္ပဏီက အစိတ်အပိုင်းတွေကို  အကြွေးနဲ့ တပ်ဆင်ထားတဲ့လူတွေက ပိုက်ဆံမပေးနိုင်ခဲ့ရင် သူတို့ သတ်ပြီး လဲလှယ် တပ်ဆင်ထားတာတွေကို  ပြန်သိမ်းယူရပါတယ်..
          ဒီအလုပ်ကိုသိသွားတဲ့ ဇနီး နဲ့လည်း Remy အဆင်မပြေပါဘူး.. ပြီးတော့ အလုပ်တစ်ခုလုပ်ရင်း မတော်တဆ ဖြစ်ပြီး သူ့ရဲ့ နှလုံး ဆုံးရှုံးသွား ပါတယ် အဲ့ဒီတော့ သူ့ကုမ္ပဏီက ပစ္စည်းနဲ့ပဲ နှလုံး အစားထိုးရတော့တာပေါ့ သူလည်း သူများနည်းတူပဲ ပိုက်ဆံမပေးနိုင်တော့ ရှောင်ပြေးရတော့တာပေါ့ သူ့ကိုလိုက်တာက သူ့သူငယ်ချင်း Jake ပါ...
           အဲ့ဒီလိုပဲ ဆွဲဆောင်မှုမရှိတဲ့ ဇတ်ကွက်တွေနဲ့ တောက်လျောက်ဆက်သွားပြီး.. ခပ်ကြောင်ကြောင်နဲ့ပဲ ဇတ်သိမ်း သွားပါတယ်...  :2 :2

နား အသစ်လဲထားတဲ့ ကောင်မလေးက သူ့နားထဲ Heardphone pin ကြီးထိုးထည့်ပြီးတော့ Radio Tune ညှိ သလိုမျိုး ၊ ကိုယ့်ဗိုက်ကိုယ်ကိုယ်ပြန်ခွဲ အထဲက နှလုံးအတုကို scan လုပ်တာမျိုး တို့လို ခပ်ပေါပေါ ဇတ်ကွက်တွေပါ လာပါသေးတယ်... :2 :2

           Jude Law ကားတွေ သိပ်မကြည့်ဖူး ပါဘူး Enemy At The Gates မှာတုန်းက ကြိုက်ခဲ့တာမို့လို့ အသစ်ထွက်တဲ့ဒီကားကို ကြည့်မိလိုက်တဲ့ အချိန်မှာတော့ တောက်ညင်ကို တော်တော်ကတ်သွားပါတယ်...
           ဒါရိုက်တာ ဘယ်သူလဲဆိုပြီး IMDb မှာ ကြည့်လိုက်တော့ Miguel Sapochnik တဲ့.. တစ်ခါမှလဲ မကြားဖူးသလို တစ်ခါမှလဲ မကြည့်ဘူးပါဘူး အဲ့ဒါနဲ့ ပဲ Biography ကိုသွားဖတ်လိုက်တော့ ဒီကားအပါအ၀င်မှ ရိုက်ထားတာ သုံးကားပဲရှိပါတယ်တဲ့...    ကိုယ့်နှဖူးကို ကိုယ် ဖြန်းခနဲပြန်ချလိုက်ပြီး မှတ်ချက်ချလိုက်ပါတယ်... သြော်.. သြော်.. ဒါ့ကြောင့်ကိုးလို့....  :2 :2

           ဒီကားကြည့်မိလိုက်ကတည်းက အိပ်မက်ထဲထိ ကြောင်တိကြောင်တောင် ဖြစ်နေတုန်းပါပဲ.....

No comments:

Post a Comment