11 October, 2011

Buried (2010)

95 min  -  Drama | Mystery | Thriller

 ကြည့်ရတာ ထူးထူးခြားခြား လေးပါ အရင်ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေနဲ့ တော်တော်ကိုကွာလွန်းပါတယ်.. ကျွန်တော့်တစ်သက်မှာ ဒီလိုတင်ပြပုံမျိုးကြည့်ဖူးတာ ဒါပထမဦးဆုံးပါ..  တစ်ကားလုံး မင်းသားတစ်ယောက်တည်း Location တစ်နေရာတည်းမှာ Angle အမျိုးမျိုး လှည့်ချိန်းသွားတာပါ.. 

                    စစချင်း ဘာမှ မမြင်ရပဲ မှောင်မဲနေပါတယ်.. ပြီးတော့ အသက်ရှူသံတိုးတိုးလေး ကြားရတယ်... နောက်တော့ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ တစ်ခုခုကို ထုရိုက်တဲ့ အသံမျိုးကြားရတယ်..  နည်းနည်းကြာတော့ ဇစ်ပိုမီးခြစ်ခြစ်သံကြားရပြီး မီးတောက်အလင်းနဲ့ အတူ Ryan Reynolds ရဲ့မျက်နှာ စမြင်ရပါတယ်.. လက်နဲ့ ပါးစပ်ကိုကြိုးချည်ထားခံရတယ်.. နောက်တော့  သစ်သားအခေါင်းထဲရောက်နေပြီး သူမြေအမြှုပ်ခံထားရတာကို သူသိလိုက်ပါတယ်..

                    ပေါလ်ကွန်ရွိုင်း ဆိုတဲ့သူက အီရတ်မှာ Truck ကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်ပါ.. သူတို့ မောင်းနှင်လာတဲ့ ယဉ်တန်း အတိုက်အခိုက်ခံရပြီး သူဒီမြေမြှုပ်ပြီးသား အခေါင်းထဲကို ဘယ်လိုရောက်လာမှန်းမသိရောက်လာပါတယ်... သူ့လက်ထဲမှာတော့ Zippo မီးခြစ်လေးနဲ့ အတူ Black Berry ဖုန်းတစ်လုံးပဲ ရှိတော့ပါတယ်... US မှာရှိတဲ့ မိန်းမဆီကို ဆက်သွယ်လို့လဲမရ... ရုံးကပေးထားတဲ့ အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကလည်း ပျောက်သွား.. ရုံးကိုဆက်တော့လည်း အဆင်မပြေ.. ဒီလိုနဲ့ နိုင်ငံခြားရေးရုံးကနေတစ်ဆင့်... FBI ကလူတစ်ယောက်နဲ့ အဆက်အသွယ် ရပြီး အကူ အညီတောင်းခဲ့ပါတယ်.. သူ့ကိုမြေမြှုပ်ခဲ့တဲ့ အီရတ်ကောင်ကလည်း ဖုန်းကနေတစ်ဆင့် ဒေါ်လာငါးသန်းနဲ့ ငွေညှစ်ပါတယ်..

                     မှောင်မဲနေတဲ့ အခေါင်းထဲမှာ ပေါလ်တစ်ယောက် အခက်အခဲတွေကို ကျော်ဖြတ်ရင်း လွတ်မြောက်ဖို့ကြိုးစားမှုကို စက္ကန့်နဲ့ အမျှတင်ပြ ထားတဲ့ ရုပ်ရှင်ကားလေးပါ...

                    ၉၄ မိနစ် ပဲကြာတဲ့ ဒီကားလေးမှာ ဒါရိုက်တာ Rodrigo Cortés ရဲ့ ထူးခြားတဲ့ Idea တွေကို တွေ့မြင်နိုင်ပါတယ်... တစ်ကားလုံး Ryan Reynolds တစ်ယောက်ကိုပဲသုံးသွားတယ်.. (အသံသရုပ်ဆောင်တွေကလွဲရင်ပေါ့) မြေမြှုပ်ထားတဲ့အခေါင်းထဲမှာ ပိတ်မိနေတဲ့ လူတစ်ယောက် ရဲ့ ရှုတောင့် တစ်ခုတည်းကိုပဲ မြင်သာအောင်ရိုက်ပြသွားတာပါ.. Camera Angel တွေမှာလည်း အခြားအရာတွေလျောက်မပြပဲ မှောင်မှောင်မဲမဲ အခေါင်းထဲက Ryan Reynolds ကိုပဲ Close up ရိုက်သွားပါတယ်..

                    စပိန်နိုင်ငံသား ဒီဒါရိုက်တာက ဒီကားကို ရိုက်ကူးခဲ့တာကတော့ ဇတ်လမ်းထဲမှာပါတဲ့ US တို့ Iraq တို့မှာမဟုတ်ပဲ Spain နိုင်ငံ Barcelona မြို့မှာ ရိုက်ကူးခဲ့ပါတယ်.. ကုန်ကျစရိတ်အားဖြင့် ခန့်မှန်းခြေ ဒေါ်လာသုံးသန်းလောက်ပဲ သုံးခဲ့ပေမယ့်.. ၀င်ငွေကတော့ ဒီထက်မက အဆပေါင်းများစွာ မြိုးမြိုးမြတ်မြတ် ရရှိခဲ့ပါတယ်.. ဒါပေမယ့် ဇတ်ကားအောင်မြင်မှုကတော့ သိပ်မရှိပါဘူး.. ဒါပေမယ့် IMDb ရဲ့ rating မှာ 7.3/10 ထိတော့ရှိနေပါတယ်...

                       ထူးထူးဆန်းဆန်း တင်ပြပုံကောင်းတဲ့ ဇတ်ကားလေးတွေထဲမှာ 2008 ခုနှစ်တုန်းက ကြည့်ခဲ့ဖူးတဲ့ Vantage Point (2008) ကိုလည်းကြိုက်မိပါတယ်.. အဲ့ဒီကားထဲမှာတော့ သမ္မတ ကိုလုပ်ကြံတဲ့ 15 မိနစ်စာ အဖြစ်အပျက်လေးတစ်ခုမှာ ပါဝင်ကြသူ အဓိကသရုပ်ဆောင်တွေရဲ့ ရှုထောင့်တစ်မျိုးစီကို ရိုက်ကူးတင်ပြထားတာပါ.. ဒီကားနဲ့အတူ Buried (2010) ကိုလည်း အလားတူကြိုက်မိပါတယ်ဗျာ...


No comments:

Post a Comment