11 October, 2011

The Fighter (2010)

116 min  -  Biography | Drama | Sport 

ဒီကားကြည့်ပြီး ရင်ထဲကျေနပ်မှုအပြည့်အ၀ ရခဲ့တယ် ဆိုရင်လဲ မမှားပါဘူး.. ဒီကားမှာ ၀ါရင့်သရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Mark Wahlberg နဲ့ Christian Bale တို့နဲ့ ပွဲထွက်စေခဲ့ပါတယ်..  ဘေးနားကနေ Amy Adams , Melissa Leo , Jack McGee စတဲ့ ၀ါရင့် သရုပ်ဆောင်တွေ နဲ့လည်း ခြံရံထားပါသေးတယ်...

           ငါးဆယ့်သုံးကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ အမျိုးသား နှင့် အမျိုးသမီး ဇတ်ပို့ဆု နှစ်ခုလုံးကို ဒီကားနဲ့ပဲ Christian Bale နဲ့ Melissa Leo တို့ရ ရရှိသွားခဲ့ပါတယ်..

            လက်ဝှေ့သမား Micky Ward ရဲ့အကြောင်း  ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဇတ်ကားလဲဖြစ်ပါတယ်..  ဇတ်ကား အမျိုးအစားကတော့ Biography / Drama / Sport လို့ ခေါင်းစဉ် တပ်ထားပါတယ်.. အားကစားအခြေခံဆိုတော့ လဲကျရာကနေ ပြန်ထ တဲ့ ဇတ်လမ်းမျိုးပါပဲ.. ဒါပေမယ့် လက်ဝှေ့ သမားတစ်ယောက်ရဲ့ ပတ်ဝန်းကျင်က စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို ကြားညှပ်ထည့်ထားတော့ ဘာလှည့်ကွက်မှမပါ... ဘာ special effect မှ မပါပဲ နဲ့ ရိုးရိုးရှင်းရှင်း လေးနဲ့ ရင်ထဲကို အစွန်းဆုံးအထိ ရောက်အောင် ဖမ်းစားသွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ.

  ဇတ်လမ်း အကျဉ်းလေးက ...  Micky Ward (Wahlberg) က တက်သစ်စ နာမည်ရလာတဲ့ လက်ဝှေ့ကျော်တစ်ယောက်ပါ... သူ့ကို အမေဖြစ်သူ Alice Ward (Melissa Leo) က မန်နေဂျာ လုပ်ပေးပြီးတော့ ၊ အမေတူ အဖေကွဲ အစ်ကို Dicky (Bale) က နည်းပြပေးထားပါတယ်။

Dicky ဟာ အတိတ်က လက်ဝှေ့ကျော်တစ်ယောက်ပါ.. Sugar Ray လို အကျော်အမော် တစ်ယောက်ကို အလဲထိုးနိုင်ခဲ့တဲ့ စံချိန်တစ်ခုကလဲ ရှိနေပါသေးတယ်.. လက်ဝှေ့ လောက က အနားယူပြီးတော့ ညီဖြစ်သူ Micky ရဲ့ နည်းပြ အဖြစ်လုပ်ကိုင်ပေးနေပါတယ်.. ဆိုးတာတစ်ခုက ဆေးစွဲနေခြင်းပါ... အမေဖြစ်သူ Alice ကလွဲလို့ ဘယ်သူမှ မသိဘူးပေါ့.. ဒါပေမယ့် အမေတူ အဖေကွဲ ဖြစ်ပေမယ့်လည်း ညီကို အရမ်းချစ်ရှာတဲ့ အစ်ကို တစ်ယောက်ပါ......

            တစ်နေ့မှာတော့ Micky နဲ့ ထိုးဖို့ စီစဉ်ထားတဲ့ လက်ဝှေ့သမားတစ်ယောက်က ဖျားနေလို့ ... လူစားဝင်တဲ့ လူတစ်ယောက်နဲ့ ထိုးဖို့ ဖြစ်လာပါတယ်.. အမေ နဲ့ အစ်ကိုဖြစ်သူတို့က ထိုးဖို့ တိုက်တွန်းကြပေမယ့် ... လူစားဝင်တဲ့တစ်ယောက်က middleweight ဖြစ်နေတော့ welterweight တန်းမှာပဲ ရှိသေးတဲ့ Micky က ထိုးသတ်ဖို့ ရှောင်ချင်နေပါတယ်..  အမေ နဲ့ အစ်ကို ကလည်း တိုက်တွန်းနေ ၊ မိသားစုမှာလည်း ငွေကြေး အကြပ်အတည်းက ရှိတော့ ဖိအားတွေကြားထဲက ထိုးသတ်ဖို့ ရင်ဆိုင်လိုက်ပါတော့တယ်... .... ...  သူထင်တဲ့အတိုင်းပဲ အထိနာစွာနဲ့ပဲ ရှုံးခဲ့ရပါတော့တယ်...

             အရုံးနဲ့ အတူ Micky ရဲ့ စိတ်တွေပါ ယိုင်နဲ့ နေခဲ့ပါတယ်....  တဇွတ်ထိုး ကိုယ့်သဘောအတိုင်းပဲလုပ်တက်တဲ့ မန်နေဂျာ အမေ နဲ့ အချိန်မတိကျ အလေလိုက် အရာရာကို ပေါ့ပေါ့လေးပဲ ထာားတက်တဲ့ နည်းပြ အစ်ကိုတို့ရဲ့ အောက်က ကိုယ်တိုင်ဆုံးဖြတ်ချက် မရှိတဲ့ ကိုယ့်ဘ၀ကိုယ်လဲ စိတ်ပျက်စွာနဲ့ပေါ့ ... ဒါပေမယ့် အားပေးဖော် Charlene Fleming (Amy Adams) ဆိုတဲ့ ချစ်သူတစ်ယောက်တော့ ရခဲ့ပါတယ်..

            လေ့ကျင့်ဖို့ ငွေလိုနေတဲ့  Micky   အတွက်  အစ်ကို ဖြစ်သူ Dicky က ဥပဒေအပြင်က နည်းလမ်းတွေနဲ့ ငွေမရရအောင် ရှာခဲ့သော်လည်း ကံမကောင်းစွာနဲ့ပဲ Dicky ထောင်ကျခဲ့ပါတယ်.. ထို့အတူ Micky ကလည်း ရဲတွေလက်ချက်ကြောင့် လက်ကျိုးပြီး လက်ဝှေ့လောကကို စွန်ခွာလုနီးအထိ ဖြစ်ခဲ့ပါတယ်..

            HBO Channel ကလည်း အထ္ထုပတ္တိ ဇတ်လမ်းမျိုးထက် ဆေးစွဲပြီး ထောင်ကျနေတဲ့ Dicky အကြောင်းကို ပညာပေးအနေနဲ့ ထုတ်လွင့်လာတာ မြင်တော့ Dicky အမြင်မှန်တွေရသွားခဲ့ပါတယ်... အပြင်ဘက်မှာလဲ ထောက်ပံပေးမယ့်သူ အသစ်ရသွားတဲ့ Micky ကလည်း  ချစ်သူဖြစ်သူက မန်နေဂျာ ၊ Boxing Club ကအဖွဲ့ဝင် ရဲတစ်ယောက်ဖြစ်တဲ့ O'Keefe က နည်းပြ အဖြစ်တာဝန်ယူပြီး လက်ဝှေ့လောက ထဲပြန်ဝင်ပြီး အောင်မြင်မှုတွေ ပြန်ရနေပါတယ်....  ဒီလိုနဲ့ Dicky ပြန်လွတ်လာပါတယ်....

ထောက်ပံပေးသူရဲ့ စည်းကမ်းချက်အရ... အမေနဲ့ အစ်ကို ကို Micky ရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ခွင့်မပေးထားပါဘူး...
 
  •  ထောင်က ပြန်လွတ်လာပြီး လူကောင်းဖြစ်နေပေမယ့် ညီ ကို နည်းပြခွင့်မရတဲ့ Dicky
  • စည်းကမ်းအရ ပါဝင်ခွင့် မပြုထားပေမယ့်လည်း လက်ဝှေ့အကြောင်း နောကြေသူ Dicky             ရှိမှ ဖြစ်မယ် လို့ပြောလာတဲ့ Micky
  •  Dicky ပါရင် ထွက်မယ်လို့ပြောတဲ့ လက်ရှိ မန်နေဂျာ ချစ်သူ Charlene
  • ထိုးရမယ့် နောက်တစ်ပွဲကလည်း Local မဟုတ်ပဲနဲ့ ပြိုင်ဘက် က England ကလက်ဝှေ့ သန်မာ ဖျတ်လတ်တဲ့ အကျော်အမော် တစ်ဦး
  •   ဂုဏ်သိက္ခာပြန်ဆယ်ရမယ့် Massachusetts ပြည်နယ်က Lowell မြို့လေးနဲ့ အတူ Ward မိသားစု
 
  စတဲ့ စတဲ့ အကြောင်း အရာတွေကြားထဲက အဆုံးသတ်ကိုတော့... ကိုယ်တိုင် ကြည့်လိုက်ကြပါစို့ဗျာ..

 

No comments:

Post a Comment